ငါ့သရောက်  ၁  မတ် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်တစ်နယ်လုံး မှီခိုအားထားခဲ့ရသည့် မြနန္ဒာကန်တော်ကြီး သောက်ရေကန်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် (သဲစစ်ကန်) သဲနှုန်းတူးဖော်ခြင်း လုပ်ငန်းအား ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကန်တော်ကြီးထဲသို့ ရေစီးဝင်သည့် အဝင်ဝနေရာ သဲစစ်ကန်အတွင်း သဲနုန်းများ တူးဖော်ဆောင်ရွက်ခြင်း၊ ကန်တော်ကြီးအတွင်းသို့ စီးဝင်သည့် ချောင်းရိုးတစ်လျှောက် တာဘောင်များခိုင်ခန့်စေရန် မြေထိုးစက်ဖြင့် ကြိတ်ညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်လှိုင်ဝေက ပြောသည်။

အဆိုပါ မြနန္ဒာကန်ခေါ်ကန်တော်ကြီး သောက်ရေကန်သည် ငါ့သရောက်မြို့ ကုန်းမြင့်ပေါ်တွင်တည်ရှိပြီး ကန်တော်ကြီး ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)