တနင်္သာရီ  ၁  မတ် 

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များကို တိကျစွာလိုက်နာကြရေး အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာလင်းထိုက်က ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်နိုင်ခြေရှိသည့် နည်လမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ တစ်ဦးချင်းစီ ကြိုတင်ကာကွယ်နိုင်သည့် နည်လမ်းများ၊ လက်ရှိ ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့နေ အခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းနှင့် ယခုကဲ့သို အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြက် ပြုလုပ်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကူးစက်နိုင်ခြေရှိသည့် နည်လမ်းများနှင့် ကြိုတင်ကာကွယ်နည်းများအား စံနစ်တကျ လိုက်နာဆောင်ရွက် ခြင်းဖြင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက ပါဝင်ပူးပေါင်းကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

အဆိုပါ အသိပညာပေး ဆွေနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူပြာရွှေနှင့် အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့သည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)