ငဖဲ ၁ မတ်

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက ဇီးတောကြီးကျေးရွာ၊ ကံကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်များ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပေးရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်တွင် အသိပညာတိုးပွားရေး သုတ၊ ရသ စာအုပ်စာစောင်များဖတ်ရှုကြရန် အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ဇီးတောကျေးရွာအုပ်စုအတွင်းရှိ မိဘပြည်သူများနှင့် ဓမ္မစကူးလ်သင်ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၈၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။  

မယု(ငဖဲ)