သထုံ   ၁   မတ် 

မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် One Dollar Glasses အဖွဲ့မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများက သထုံမြို့ မြသပိတ် တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ယမန်နေ့မှစတင်ကာ နှစ်ရက်ကြာ မျက်စိစမ်းသပ် စစ်ဆေး ခွဲစိတ်ပေးခြင်းနှင့် မျက်မှန်များ ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခမဲ့စမ်းသပ်ကုသခြင်းကို သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်တို့၏ ဦးဆောင်မှုဖြင့် သထုံခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း(သထုံ)မှ ဒေါက်တာပြုံးချိုနှင့် အဖွဲ့ဝင်များက အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သထုံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)