နေပြည်တော် ၁ မတ် 

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင်ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် နှင့် (၈၈) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်း လှူပွဲကို ယနေ့မွန်းလွဲ (၂) နာရီတွင် အဆိုပါ သမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှ စေတီတော်မြတ်ကြီး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

 

02

 

အဆိုပါ ဆွမ်းဆန်တော် လောင်းလှူပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ဇနီးဒေါ်ခင်စောမူ ဦးဆောင်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဇနီး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဇနီးများ၊ ဌာနအကြီးမှူးများ၊ ဌာနမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများ နှင့် အလှူရှင်မိသားစုများမှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူကြသည်။ 

 

03

 

ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကို ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း( ၁၀၂ ) ကျောင်းမှ ဆရာတော် သံဃာတော် ( ၄၇၀ )ပါး၊ သီလရှင်ကျောင်း( ၇ ) ကျောင်းမှ သီလရှင်( ၁၃၀ ) ပါး၊ စုစုပေါင်း( ၆၀၀ ) ပါးတို့အား ပင့်ဆောင်လောင်းလှူခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း

 

04