ရန်ကုန် ၁ မတ် 

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

 

8050

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 

8057

 

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရက ဆောင်ရွက်တော်မူကြသည်။

 

8061

 

အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာနှင့် ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင်ဆရာတော်ကြီးများက ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

 

8063

 

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန်ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ အဖွဲ့ဝင် ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်းလျှောက်ထားတော်မူကြပြီး ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုး တော်ဆောင်ဆရာတော်က အတည်ပြုချက်ရယူကာ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်း ကျွန်းမြို့နယ် ကျိုက္ကစံဝေဠုဝန်(ရွှေကျင်)ကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်း သူငယ်ချင်းများနှင့် ဓမ္မမိတ်ဆွေများက ဧကူနတိံသတိမ (၂၉) ကြိမ်မြောက် ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 

(သတင်းစဉ်)