တီးတိန် ၂ မတ်
ချင်းပြည်နယ် တီးတိန်မြို့တွင် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ခွာဒိုခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော တောင်သူလယ်သမားနေ့ သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်က ဖတ်ကြားသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြောင်း သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)


