မယ်စဲ့  ၂ မတ်

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဟိုဂျစ်ကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

 

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်အစိုးရဖွဲ့အနေဖြင့် ကျေးလက်နေ ပြည်သူများအတွက် လမ်တံတား၊ လျှပ်စစ်မီး၊ ရေရှိရေး အစရှိသည့် အခြေခံလိုအပ်ချက်များကို အဓိက ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူများက အမြင်ကျယ်ကျယ်ဖြင့် ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားသည်။

 

96

 

ဆက်လက်၍ ဟိုဂျစ်ကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့မှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုတင်ပြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟိုဂျစ်ကျေးရွာ ဘုရားကျောင်း တိုးချဲ့ဆောက်လုပ်ရန်အတွက် ငွေကျပ် ၅ သိန်း၊ ဟိုစဲ့ကျေးရွာ ခန်းမဆောင်အတွက် လိုအပ်သောထိုင်ခုံ အလုံး ၁၃၀ ဝယ်ယူရန် ငွေကျပ် ၈ သိန်းနှင့် ဟိုစဲ့ မူကြိုကျောင်းဆင်းပွဲအတွက် ငွေကျပ် ၂ သိန်းတို့ကို သက်ဆိုင်ရာကျေးရွာတို့မှ တာဝန်ရှိ သူများထံ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)