ရွှေသောင်ယံ ၂ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေမှာ ရုံးပိတ်ရက်များတွင် အေးဆေးစွာ အပန်းဖြေလိုသူများမှာ ညအိပ်သော်လည်းကောင်း ချောင်းသာကမ်းခြေမှတစ်ဆင့် နေ့ချင်းပြန်သော် လည်းကောင်း လာရောက်လည်ပတ်ကြသည်။
ယခုအခါရုံးပိတ်ရက်(၃)ရက်ဖြစ်နေသည့်အတွက် ဧည့်သည်များပုံမှန်အတိုင်း လာရောက်လည်ပတ်ကြ သည်ကို တွေ့ရသည်။
ချောင်းသာကမ်းခြေသို့ လာရင်းရွှေ သောင်ယံကမ်းခြေသို့ သွားရောက်လည်ပတ်လိုသူများ၊ ကမ်းခြေသစ် ဖြစ်သည့်အတွက် စူးစမ်းသွား လာချင်သူများမှာ ရွှေသောင်ယံကမ်းခြေသို့ ကိုယ်ပိုင်ကားများ၊ သုံးဘီးယာဉ်များဖြင့် ယခုလိုရုံး ပိတ်ရက်များအတွင်းပိုမို လာရောက် လည်ပတ်ကြသည်ကို တွေ့ရသည်။
ကိုကိုမောင် (ရွှေသောင်ယံ)


