ခန္တီး ၂ မတ်      

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လုပ်ရှားမှုများ ပညာရည်ချွန်ဆုပေးပွဲနှင့် ငါးနှစ်ပြည့်ကလေးများ ကျောင်းဆင်းပွဲကို ယနေ့နံနက်က လူမှုဝန်ထမ်းအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

 

ပညာရည်ချွန်ဆုရရှိသည့် ကလေးငယ်များကို လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး အလှူရှင်များအား မူကြိုကျောင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ မူကြိုကလေးငယ်များက ကဗျာရွတ်ဆိုခြင်း၊ ပုံပြောခြင်းနှင့် အကပဒေသာများဖြင့်    ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)