သဲကုန်း ၂ မတ်
တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နွေစပါး(SRI)စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၊ ဖားစမ်းကန်ကျေးရွာရှိ တောင်သူ ဦးသန်းအောင်၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဆွေက နွေစပါး(SRI)နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးခြင်းအားဖြင့် မျိုးစပါးစရိတ် အကုန်အကျသက်သာခြင်း၊ တစ်ဧက စပါးအထွက်နှုန်း ကောင်းမွန်ခြင်း၊ ဆန်နီပါ၀င်မှု လျော့နည်းခြင်းနှင့် အထွက်နှုန်းများပြီး ကုန်ကျစရိတ်သက်သာခြင်းတို့ကို ရှင်းလင်းပြောကြားသည်။
ကွင်းသရုပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၃၅ ဦးခန့်တက်ရောက်လေ့လာခဲ့ပြီး လက်တွေ့ နွေစပါး(SRI) စိုက်ပျိုးမှုကို ကြည့်ရှုလေ့လာခဲ့ကြသည်။
နိုင်လင်း(ပြန်/ဆက်)


