ပွင့်ဖြူ    ၂  မတ်   

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်တောင်သူများ စိုက်ပျိုးရေအပြည့်အဝ ရရှိစေရေးအတွက် စိုက်ပျိုးရေဖြန့်ဝေ သည့် တောင်မုန်းမြောင်းမကြီး၏ လက်တံ(၁၃)မြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် ရေမိတ်များနှင့် ရေလက်တံမြောင်း(ဝဲ/ယာ)ရှိ ခြုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် တောင်မုန်းမြောင်းမကြီးနှင့် မြောင်းမုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိသည့်အပြင် မင်းဘူး(စကု)မြို့နယ် အိုင်းမရေလွှဲဆည်နှင့် စလင်းမြို့နယ် လင်းဇင်းရေလွှဲဆည်တို့မှလည်း စိုက်ပျိုးရေ ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉-၂၀၂၀ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးစိုက်ပျိုးဧက ၁၄၃၈၀ ဧကနှင့် နွေနှမ်းစိုက်ပျိုးဧက ၄၀ဝ၇၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)