ဂန့်ဂေါ ၂  မတ် 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ရင့်ရဲကျေးရွာတွင် ကျေးရွာအတွင်း ရေစီးရေလာ ကောင်းမွန်ရန် ရေမြောင်းတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသော ကြေးပန်းကန်ပြားများ ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရှိသဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။

 

1636

 

အဆိုပါရေမြောင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (ဆောမြို့နယ် ) က တူးဖော်ဆောင်ရွက်ခြင်းဖြစ်၍ တူးဖော်ရာမှရရှိသော ပစ္စည်းများမှာ ကြေးပန်းကန် အကောင်း ၃ ချပ်၊ အက်ကွဲ ၁၂  ချပ်တို့ဖြစ်ကာ အများဆန္ဒဖြင့် ဦးစိန်အောင်မင်း၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း သိရသည်။

 

1754

 

 တွေ့ရှိခြင်းနှင့်စပ်လျဉ်း၍ " ဦးတင်စိုး+ဒေါ်ပပ အိမ်ဝိုင်းအနီးမှာ ရေမြောင်းတူးဖော်ရာမှ တွေ့ရှိ၊ ရရှိတာဖြစ်ပါတယ်၊ အချင်း ၁၅ လက်မ ၂ ချပ်၊ ၁၄ လက်မ ၄ ချပ်၊ ၁၃  လက်မ ၃ ချပ်၊ ၁၂  လက်မ ၃ ချပ်တို့ ရရှိတာဖြစ်ပါတယ် " ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် က ပြောသည်။

MDN