ရန်ကုန်  ၂  မတ်

ပထမဆုံးအကြိမ်အဖြစ် မေ(၅)ရက်တွင် မီလီရာဟိုတည်၌ ကျင်းပမည့် အခွန်ထမ်း ကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (SAS)ဖြင့်မည်သိုအခွန်စည်းကြပ်မှု ခံယူမည်ကို ကျွမ်းကျင်အငြိမ်းစား အခွန်အရာရှိများက ဟောပြောမှုနှင့် ကမ္ဘာ့အဆင့်ရှစ်ရှိသော အင်္ဂလန်နိုင်ငံမှ နိုင်ငံတကာ စာရင်းကိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် Baker Tilly Myanmar နှင့် Htun Than Associate Co.,Ltd တို့ကြားလုပ်ငန်း သဘောတူစာချုပ်ကို ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

 

121

 

နိုင်ငံ၏ဖွံ့ဖြိုးရေး လုပ်ငန်းများပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းပြည်အတွက် အခွန်ဘဏ္ဍရရှိရန် အခွန်စည်းကြပ်သော လုပ်ငန်းသည်အရေးပါလျှက်ရှိရာ မည်သို့အခွန်စည်းကြပ်ရန်နှင့် မည်သို့အခွန်စည်းကြပ်ရန်၊ မည်သည့်အရာများကို အခွန်စည်းကြပ်မှုနှင့် တိုင်းပြည်အတွက် ဝင်ငွေခွန်သည် မည်မျှအရေးကြီးပုံတို့ကို ထိုနေ့ အခွန်ပညာပေးဟောပြောပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ အငြိမ်းစားဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်ဦးမှ ဆွေးနွေးဟောပြောမည်ဖြစ်သည်။

 “အခွန်ထမ်း ကိုယ်တိုင်စည်းကြပ်တဲ့ စနစ်နဲ့အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးမှာပါ။ပြီး တော့ကမ္ဘာ့အဆင့်ရှစ်ရှိတဲ့ နိုင်ငံတကာစာရင်းကိုင် ကုမ္ပဏီနဲ့ပူးပေါင်းပြီး အခွန်ဆိုင်ရာနဲ့စာရင်းအင်း ဆိုင်ရာဖွင့်လှစ်ဖို့နှစ်ဦးသဘောတူ လက်မှတ်ထိုး ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အငြိမ်းစားဦးထွန်းသန်းက ပြောသည်။

အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ်( SAS)ကိုအသစ် ပြောင်းလဲမည့် နိုင်ငံခြားကုမ္ပဏီများမြန်မာပြည်တွင်ရှိရာဌာန များနှင့်ဝန်ထမ်းများကို ပုဂ္ဂလိကဝန်ဆောင်မှု ဆွေးနွေးခြင်းများစွာ လိုအပ်သောကြောင့် မြန်မာပြည်တွင်အခွန်နှင့် ပတ်သက်သော ဝန်ဆောင်မှုလုပ်ငန်း ပေါ်ထွန်းလာခြင်းဖြစ်သည်။ အခွန်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းဆင်းပါက ဝန်ဆောင်မှု အခွန်လုပ်ငန်းကို လုပ်ကိုင်နိုင်မည်ဖြစ်ပြီး နိုင်ငံသားတို့ အနေဖြင့်လည်း မည်သို့/မည်သည့် အတွက်ကြောင့် အခွန်ထမ်းရသည်ကို သိရှိစေရန် အကူအညီပေးနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများစွာ ပေါ်ထွန်းလာခြင်းဖြင့် အခွန်ထမ်းလုပ်ငန်းများ ပိုမိုလွယ်ကူ ချောမွေ့စေမည်ဖြစ်သည်။ 

ပြည်ပနိုင်ငံ အခွန်ဆောင်သောလုပ်ငန်းများတွင် ပုဂ္ဂလိက ဝန်ဆောင်မှုအဖြစ် ကိုယ်စားလှယ်အနေဖြင့် လည်းကောင်း၊အခွန်ပညာပေး လုပ်ငန်းများကိုလည်းကောင်း ဖော်ဆောင်လျှက်ရှိရာ နိုင်ငံအတွက် အခွန်ရရှိမှု၌ အထောက်အကူပြုလျှက် မြန်မာနိုင်ငံတွင်လည်း ထိုသို့သောကုမ္ပဏီ များစွာပေါ်ထွန်း နိုင်ရန် ပြည်ပနိုင်ငံမှ စာရင်းကိုင် ကုမ္ပဏီများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင်း သိရသည်။

သန်းထိုက်