နေပြည်တော် မတ်

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ နံနက် ပိုင်းတွင် ပုသိမ် - ကံကုန်း - မြောင်းမြ လမ်းအပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မရမ်းချောင် - ရွာသစ်လမ်းပေါ်ရှိ မီတာ ၂၄၀ ရှိ ကျွန်းကုန်းတံတားသစ် တည်ဆောက်နေမှုနှင့် ကျွန်းကုန်းကြိုးတံတားဟောင်း ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ - ကျုံမငေး လမ်းပေါ်ရှိ ဝါးခယ်မ တံတား အဆင့်မြှင့်တင်ခြင်းစီမံကိန်း ရှင်းလင်းဆောင်၌ တံတားဉီးစီးဌာန တံတားအထူး အဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲနိုင်ဉီးက  ဝါးခယ်မတံတား ပင်မကြိုးတံတား အပိုင်းအား ဖြုတ်သိမ်း၍ HS 25 Load Class Steel Box Girder  တံတားအဖြစ် အဆင့်မြှင်တင် ဆောင်ရွက်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ရွှေလောင်းတံတား အဆင့်မြှင့်တင် တည် ဆောက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ဝါးခယ်မတံတားသည် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ - ကျုံးမငေးလမ်းပေါ်တွင် တည်ရှိပြီး ဝါးခယ်မမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားပြီး ပင်မတံတားအပိုင်းကို ယခင်မူလကြိုးတံတားဟောင်းအား ဖြုတ်သိမ်း၍ Steel Box Girder သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အစားထိုး အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း ဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ပါဝင်သော လမ်းအမှတ် (၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း - ဝါးခယ်မ - မြောင်းမြလမ်းပေါ်တွင် တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့()မှ တည်ဆောက်နေသော ကျွန်းပြဿဒ်တံတားနှင့် စော်ကဲတံတား တို့၏ သံပေါင်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံးမငေး - မြောင်းမြလမ်းပေါ်ရှိ တံတားသစ် များဖြစ်သည့် စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတား၊ ယခင်ကြိုးတံတားများအား အဆင့်မြှင့်တင်တည်ဆောက်နေသည့် ဝါးခယ်မတံတားနှင့် ကျွန်းကုန်းတံတားများ တည် ဆောက်ပြီးပါက ခရီးသွားပြည်သူများအနေဖြင့် ဘိုကလေးနှင့် မော်လမြိုင်ကျွန်းတို့မှ  မြောင်းမြနှင့် ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားလာနိုင်မည့်အပြင် ကုန်စည်စီးဆင်းမှုလည်း သွက်လက်မြန်ဆန်လာမည် ဖြစ်သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မအူပင် - ရေလဲကလေး - ကျိုက်ပိ - မော်လမြိုင်ကျွန်းလမ်းနှင့် မအူပင် - တွံတေး - လှိုင်သာယာလမ်း တို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်