ရန်ကုန် ၂ မတ်
ဟိန္ဒူမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာအောင် (အမျိုးသားသွေးလှူဘဏ် တာဝန်ခံ)က သွေးလှူဒါန်းခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် သွေးလှူဒါန်းပွဲကျင်းပရေးအဖွဲ့မှ Shri Saras Gupta က အမှာစကားပြောကြားပြီး ၁၀ ကြိမ်နှင့်အထက် သွေးလှူရှင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် သနန္တန ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် လူမှုရေးလုပ်ငန်းတာဝန်ခံ တီကေပေါ(လ်)နှင့် ကိုဇော်မင်းထွန်းတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ယနေ့သွေးလှူဒါန်းပွဲတွင် ဟိန္ဒူမိသားစုဝင် (၁၀၀)ကျော် လာရောက်သွေး လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-ဇော်မင်းလတ်


