ကော့သောင်း   ၃  မတ်

 

ကော့သောင်းခရိုင် မြန်မာ့ပင်လယ်ပြင်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဖမ်းဆီးခွင့်တားမြစ်ထားပြီး ရှားပါးမျိုးသုဉ်း လုနီးပါးဖြစ်နေသည့် ငါးမန်းများအား လိုက်လံဖမ်းဆီးနေသော တရားမဝင် ငါးမန်းဖမ်းဆီး လှေတစ်စီးအား မြန်မာတပ်မတော်(ရေ)မှ ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

852

 

အဆိုပါ ငါးဖမ်းလှေမှာ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှ လာရောက်ကာ ကော့သောင်းခရိုင် ပင်လယ်ပြင်အတွင်း  တရားဝင် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ သစ်သားကိုယ်ထည် တရားမဝင် ငါးမန်းဖမ်းသည့်လှေဖြစ်ပြီး မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် ပင်လယ်ပြင် စိုးမိုးရေးတာဝန်များ ဆောင်ရွက်နေချိန်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

 

741

 

အဆိုပါ လှေနှင့်အတူ ဖမ်းဆီးရမိသည့် ငါးမန်းသားရေခြောက်များနှင့်အတူ လှေလုပ်သား (၈)ဦးအား  ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရေလုပ်ငန်းဥပဒေများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)

 

52.0