ကျွန်းလှ  ၃ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများအတွင်း Gypsum ကျောက်မှုန့်ထည့်သွင်းခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက တပ်ကုန်းကျေးရွာ တောင်သူဦးမင်းနိုင်၏ ပဲတီစိမ်း ၅ ဧက စိုက်ခင်း၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ ပဲတီစိမ်းစိုက်ခင်းများအတွင်း Gypsum ကျောက်မှုန့်ထည့်ခြင်းဖြင့် Soil PH မြင့်တက်ခြင်းကို ကာကွယ်ပေးပြီး မြေဆီလွှာဂုဏ်သတ္တိ ကောင်းမွန်စေကြောင်း၊ ပဲတီစိမ်း အတောင့်အရေအတွက်များခြင်း၊ အစေ့အဆံအောင်ခြင်း၊ အထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများ ဝင်ငွေတိုးတက်စေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

 

mdn

 

အဆိုပါ ကျောက်မှုန့်ထည့်သွင်းခြင်း သရုပ်ပြပွဲကို ခရိုင်မြေအသုံးချရေးဌာနခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဝန်ထမ်းများကGypsum ကျောက်မှုန့်များ ထောက်ပံ့ပေးပြီး နည်းပညာပေးခြင်း၊ ကွင်းသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)