ကန်ကြီးထောင့်  ၄   မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လက်ဆောင်ကွင်းကျေးရွာအုပ်စု၊ မောင်းတီးကျေးရွာတွင် တည်ထားကိုးကွယ်‌သော သမိုင်းဝင် ဆံတော်ရှင် ရွှေမောင်းတီး မဟာစေတီတော်မြတ်ကြီး  (၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၁၄ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၆ ရက်၊ မတ် ၇ ရက်မှ ၁၄ ရက်နေ့အထိ ရှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲ၊ ကန်တော့ပွဲစုံ ကပ်လှူပွဲ၊ ဓမ္မပူဇာသဘင်ပွဲ၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲ၊ အဘိဓမ္မာ ခုနစ်ကျမ်း ရွတ်ဖတ်ပူ‌ဇော်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲများကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေမောင်းတီးမဟာစေတီတော်မြတ်ကြီး သာသနာ့ အကျိုးတော်ဆောင် အဖွဲ့ထံမှ သိရသည်။

 

နန်းထိုက် (KGD)