မန္တလေး   ၄   မတ်

 

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကိုရီးယားဘာသာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

 

74

 

ရှေးဦးစွာ ကိုရီးယားဘာသာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာချောချောသူက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ပရဟိတလုပ်ဆောင်မှု အတွေ့အကြုံများ ရှင်းလင်း ပြောကြားခြင်း၊ ကိုရီးယားဘာသာစကားနှင့် ဘာသာပြန် စကားပြန်များအတွက် လိုအပ်ချက်များ ဟောပြောခဲ့ကြသည်။

 

အခမ်အနားသို့ ပါမောက္ခ (ဌာနမှူး)များ၊  ဆရာ၊ ဆရာမများ၊ စီမံအရာရှိကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မန်း(ကိုယ်ပွား)