ငဖဲ  ၄ မတ်

 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မဈေးတွင် ရောင်းချသော သား၊ငါးများ သန့်ရှင်းစင်ကြယ်စွာ ရောင်းချရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာမှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

96325

 

မြို့မဈေးအတွင်း  ရောင်းချနေသော ကြက်သား၊ ငါး၊ ပုစွန်၊ ဝက်သား၊ အမဲသားများ စားသုံးသူများ သန့်ရှင်းသပ်ယပ်စွာ ဝယ်ယူနိုင်ရေးအတွက် ဈေးသည်များမှ  စည်းကမ်းတကျရောင်းချရန်၊ အသား၊ ငါးများကို ယင်လုံ ဇကာဖြင့် ဖုံးအုပ်ရောင်းချရန်၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ထုတ်ပိုး၍ သတ်မှတ် နေရာများတွင် စွန့်ပစ်ရန်နှင့် အသားရောင်းချခြင်းဆိုင်ရာ စည်းကမ်းများလိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ဆေးခြင်းကို ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းထွန်း ၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဒေါ်မော်မော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနဦးစီးမှူး ဒေါက်တာဗျတ်နောလ်ထန်နှင့် ဒေါက်တာချစ်ချယ်ရီစိုး၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)