ကျောက်မဲ    မတ်

 

 

COVIC-19 ရောဂါ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

dyjy

 

 

အခမ်းအနားတွင် ဦးဆောင်ဆွေးနွေးသူများဖြစ်ကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်း၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မိုးသန်းနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) မှ ဒေါက်တာသိန်းဇော်တို့က COVIC- 19 ရောဂါနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

 

 

အဆိုပါအခမ်းအနားသို့ ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အဖွဲ့ဝင်များနှင့်  ရှမ်း/ပလောင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ စကားဝိုင်းကို ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) တို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

မိုင်းထွန်း(ပြန်/ဆက်)