ဒီးမော့ဆို ၅ မတ်    

၂၀၂၀ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေးအတွက် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ သို့ မတ် ၄ ရက် ညနေ ၃ နာရီခွဲက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန္တာဆွေဆွေကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်အယ်ဖော၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး  ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အခြေခံပညာအထက်တန်း ကျောင်း(ဒီးမော့ဆို) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ဒေါငံခါး) စာစစ်ဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ဒေါတမငယ်) စာစစ်ဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ငွေတောင်) တို့တွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးကြိုးများ သွယ်တန်းမှု၊ မီးသတ်ဆေးဗူးထားရှိမှုနှင့် ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြသည်။

ဒီးမော့ဆိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဒီးမော့ဆိုမြို့တွင် စာစစ်ဌာန ၄ ခု၊ နန်းမယ်ခုံမြို့တွင် စာစစ်ဌာနတစ်ခု စုစုပေါင်း စာစစ်ဌာန ၅ ခု ဖွင့်လှစ်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)