ဖာပွန် ၅ မတ်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ယခင်က ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။

 

ယခုအခါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အချိန်နီးကပ်လာပြီဖြစ်သဖြင့် ယခင်ညပိုင်းပုံမှန်မီးပေးချိန်အပြင် ကျောင်းသားကျောင်းသူများ စာကျက်ရာတွင် ပိုမိုအဆင်ပြေစေရေး ရည်ရွယ်ပြီး မီးပေးချိန်တစ်နာရီထပ်တိုး၍ နံနက် ၄ နာရီ  ၄၅ မိနစ်မှ ၅ နာရီ ၄၅ မိနစ်အထိ မီးပေးခြင်းကို မတ်လ ၅ ရက်နေ့ မှ မတ်လ ၁၉ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)