မန္တလေး ၅ မတ်
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဘိုဘိုဟန်က အဖွင့်အမှာစကား ပြောကြားပြီး Intensity Library မှ ဦးအောင်သန်းထွဋ်က ရပ်ကွက်၊ ကျေးရွာ လူထုပါဝင်မှုနှင့် စာဖတ်ခြင်းကို အလေးထားစေရန် ဆွေးနွေးပြီးနောက် MBAPF မန္တလေးကိုယ်စားလှယ် ဦးအေးမိုးက စာအုပ်အဆင့်ခွဲခြင်းနှင့် စာငှားစနစ်အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်းမှ ဆရာမများဖြစ်ကြသော ဒေါ်စန်းမီမီ၊ ဒေါ်ကြည်ကြည်ဝင်း၊ ဒေါ်လှလှစန်းတို့က ကျောင်းစာကြည့်တိုက်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
ထိပ်ထားနိုင်


