ကျွန်းစု ၅ မတ်  

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကွန်ပျူတာများ၊ သုတရသစာအုပ်များနှင့် ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်းပွဲကို မတ် ၅ ရက် နံနက် ၁၁ နာရီခွဲက အဆိုပါကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr Chen Hai ၊ ဇနီး Mrs.Wang Yan နှင့်  သံရုံးအဖွဲ့ဝင်များ အ.ထ.က(ပထက်)ကျောင်းသို့ ရောက်ရှိခဲ့ရာတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းဘင်ခရာအဖွဲ့မှ ကြိုဆိုခဲ့ကြပြီး လှူဒါန်းပွဲတွင် တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား ကျောင်းသား/ကျောင်းသူများက တေးသီချင်းများ၊ အကအလှများဖြင့် ကြိုဆိုဂုဏ်ပြုဖျော်‌ဖြေ တင်ဆက်ခဲ့ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr Chen Hai က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး တရုတ်နိုင်ငံသံရုံးမှ အ.ထ.က(ပထက်)ကျောင်းအတွက် Computer ၂၀ စုံ၊ Printer ၁ လုံး၊  သုတရသ စာအုပ်(၁၀၀)အုပ်နှင့် ကျောင်းသား/ကျောင်းသူ များအတွက် ကျောပိုးအိတ်(၅၀)လုံး၊ ဗလာစာအုပ်များနှင့် ကာလာခဲတံ(၅၀)ပါကင်၊ ကွန်ပါဘူး(၅၀)၊ ဘတ်စကတ်ဘော ဘောလုံး(၅)လုံး၊  ကြက်တောင်ရိုက်တံ (၁၀)စုံ၊ စားပွဲတင်တင်းနစ် စားပွဲ(၂)စုံနှင့် စားပွဲတင်တင်းနစ်ရိုက်တံ (၁၀)စုံ  စုစုပေါင်းတန်ဖိုး ကျပ် ၁၃၆၈၅၀၀၀ ကို လှူဒါန်းခဲ့ကြရာ ကျောင်းအကျိုးတော်ဆောင်ဉက္ကဋ္ဌ ဉီးလှသန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်က လက်ခံရယူပြီး ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)