ကသာ  ၆  မတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်မိုးလုံလေလုံကွင်း၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ခုနှစ် ပထမအကြိမ် ကရင်ပြည်နယ် ချစ်သူမြိုင်ပန်းခြံ ဖိတ်ခေါ် ဘတ်စကက်ဘော ပြိုင်ပွဲတွင် ကသာမြို့နယ် အမျိုးသမီးဘတ်စကက်ဘောလက်ရွေးစင်အသင်းက သွားရောက် ယှဉ်ပြိုင်ရာ ၎င်းအသင်းက ပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့ကြောင်း ကသာမြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ သိရသည်။

 

58520

 

 

အဆိုပါအသင်းသည် ကရင်ပြည်နယ် ဘတ်စကက်ဘောအသင်းမှ ဖိတ်ခေါ်မှုကြောင့် သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အခြားတိုင်းနှင့်ပြည်နယ်မှ အမျိုးသမီးဘတ်စကက်ဘောလက်ရွေးစင် အသင်း(၆)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြကာ အဆိုပါအသင်းတို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် လက်ရွေးစင်အသင်းက အခြားအသင်းများကိုကျော်ပြီး ပထမဆုဖလားကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းအသင်းနည်းပြ ဦးမြင့်ထူးက ပြောသည်။

 

 

ယင်းအသင်းသည် အသင်းစတင်ဖွဲ့စည်းချိန်မှစ၍ ၁၉၉၈ ခုနှစ်နှင့် ၂၀ဝ၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တိုင်းနှင့်ပြည်နယ်များ၌ ကျင်းပပြုလုပ်ခဲ့သော ဖိတ်ခေါ်အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲများတွင် ပထမဆုများသာ ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲအသီးသီးတွင် အောင်မြင်မှုရရှိခဲ့သည့် ကသာမြို့နယ် အမျိုးသမီး ဘတ်စကက်ဘော လက်ရွေးစင်အသင်းနှင့် နည်းပြများအား  ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ဂုဏ်ပြုပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲအောင်(ကသာ)