ဒေးဒရဲ ၆ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ကြစေရန်နှင့် ကျန်းမာရေး အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်း နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပြင်းထန် အဆုတ်ရောင်ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် Mask အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိစေရေး မြေစိုက်နံရံကပ် ဘုတ်တွင် ပြသထားရာ လမ်းသွားလမ်းလာများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


