နေပြည်တော်  ၆   မတ် 

စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ်(၈၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ အုန်းတောခန်းမ၌ ကျင်းပရာ  ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်း တက်ရောက်၍  သင်တန်းဆင်း အမှာစကားပြောကြားပြီး စံပြဆုရရှိသူများကို ဆုများချီးမြှင့်ကာ သင်တန်းဆင်း ဂုဏ်ပြု လက်မှတ်များပေးအပ်သည်။

ယင်းသင်တန်းဆင်းပွဲသို့ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ရုံးအုပ်နှင့် ဌာနခွဲစာရေးအဆင့်ရှိ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၈)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)