ရန်ကုန် ၆ မတ်

 

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်)က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးလှူဘဏ်သို့ COVID-19 ရောဂါကာကွယ်ရေးအတွက် အသုံးပြုရန် FACE MASK များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက  ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး(ရန်ကုန်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလွင်က   လှူဒါန်းရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက FACE MASK များပေးအပ်လှူဒါန်းရာ အမျိုးသားသွေးလှူဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဒေါ်သီတာအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

 

ယနေ့လှူဒါန်းသော FACE MASK စုစုပေါင်းမှာ ၃၀ဝ၀ ဖြစ်ပြီး ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်)သို့ အများပြည်သူ စေတနာရှင်များက လှူဒါန်းထားမှုများအား အမျိုးသား သွေးလှူဘဏ်၌ အသုံးပြုနိုင်ရန်အတွက် ပြန်လည်မျှဝေ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်