ရန်ကုန်   ၆    မတ်

           

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၀ ခုနှစ် မတ်လ (၁၁)ရက်မှ (၂၀)ရက်အထိ ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါး ကုသမှုခံယူနေကြရသည့် ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန  ၃ ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

           

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေ ဆိုလိုသည့် ကျောင်းသား /ကျောင်းသူ(လူနာ)များသည် အဆိုပါ ဆေးရုံကြီးများရှိ ဆေးလူမှု ဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီ တောင်းခံနိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်