မယ်စဲ့ ၇ မတ်
ကလေးငယ်များ ကာယဉာဏစွမ်းအား ပြည့်ဝလာစေရန်နှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဂိမ်းကစားနည်းပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပရာ ဂိမ်းကစားနည်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး၊ ပုံပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် ဆရာမများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


