ကျိုင်းတုံ ၇ မတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့သည်။

 

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပြီး အမျိုးသမီးသက်မွေး အတတ်ပညာသင်တန်းကျောင်းအတွက် သုတ/ရသ စာအုပ်များ လှူဒါန်းခဲ့သည်။

 

ထို့အပြင် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ ဆရာမများနှင့် ကျောင်းသူများအား သုတ/ရသစာအုပ်များကို ငှားရမ်းပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)