လောက်ကိုင် ၇ မတ်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ယနေ့နံနက် ၈ နာရီတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လောက်ကိုင်မြို့တွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် မြို့တွင်း လူနေထူထပ်သည့် နေရာများအား ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လောက်ကိုင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကောင်းခိုင် ကုမ္ပဏီမှ ဝန်ထမ်းများ၊ ယာဉ်လမ်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ဒေသခံပြည်သူများ၊ ပူးပေါင်းအင်အား ၁၃၀ ခန့်သည် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)


