မြဝတီ ၉ မတ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရန် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ဟိတဓရဓမ္မစကူးလ်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

 

2020

 

အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်သီရိချောက မြို့ပေါ်ရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ကျေးရွာများသို့ လစဉ်ကွင်းဆင်း၍ တိုင်းရင်းသားပြည်သူများ စာဖတ်ရှိန်မြင့်တင်ရေး စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရေး၊ အထွေထွေဗဟုသုတ တိုးပွားရေးတို့အတွက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ယနေ့ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်သည့် ကူစက်ခံရသူတို့၏ လက္ခဏာများဖြစ်သော ကိုယ်အပူချိန်မြင့်မားပြီး အဖျားရှိလာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်းတို့ ဖြစ်လာတတ်ကြောင်း၊ ဖျားနာနေသူ၊ ချောင်းဆိုးနေသူ၊ နှာချေ စသည့် အသက်ရှုလမ်းကြောင်း ရောဂါလက္ခဏာ ခံစားနေရသူတို့နှင့် အနီးကပ်မနေထိုင်ခြင်း၊ လူထူထပ်တဲ့နေရာများသို့ သွားလာခြင်းမပြုခြင်း၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးပေးခြင်း၊ လူထူထပ်တဲ့နေရာသို့သွားလျှင် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုခြင်း စသည့် ရောဂါကာကွယ်ရေး အသိပညာပေး ဗဟုသုတများကိုလည်း  ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် စာအုပ်စာပေများ ငှားရမ်းပေး၍ ကျောင်းသားတို့ မိမိတို့စိတ်ကြိုက် စာအုပ်စာစောင်များ လေ့လာဖတ်ရှုကြပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သတ်သည့် ဗီနိုင်းများကိုလည်း စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ 

                                                           

မန်းသန်းရွှေမြင့်(ပြန်/ဆက်)