ဒေးဒရဲ ၉ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဉတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျော့ချရေး၊ ကာဗွန်ထုတ်လုပ်လျော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့်မီးဖိုများကို ယမန်နေ့ နံနက် ၁၀ နာရီက ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက ချောင်းဖျားကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့် မီးဖို ၄၁၆ လုံးကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးရေး စီမံကိန်းအပိုင်း(A)တွင် ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာအုပ်စု (၃၄)အုပ်စု၊ စွမ်းအားမြှင့်မီးဖို ၁၈၀ဝ၀ လုံးကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)