ဒေါပုံ ၉ မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက် (၂)လမ်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြင့် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

11403

 

အဆိုပါ ကွန်ကရစ်လမ်းသစ်သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ပေ (၅၆၀)၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်လမ်းအား ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

115

 

ထို့နောက် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့အစည်းများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သဲစုစုလွင်(ပြန်/ဆက်)

 

127