ထန်းတပင်  ၉  မတ်

 

မွန်တိုင်ရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ ကြီးမှူးကာ ဖွင့်လှစ်ခဲ့သည့် နွေရာသီ မွန်စာပေနှင့် မွန်စကားပြော သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ မွန်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ခေတ္တယာယီ) သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

 

373

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊  မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နိုင်စိုးအောင်၊ ဒုတိယဥက္ကဋ္ဌ နိုင်တင်ဦးတို့က မွန်စာပေနှင့် ယဉ်ကျေးမှုသမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ထန်းတပင်မြို့နယ် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နိုင်မြင့်သိန်းက မွန်စာပေသင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

422

 

အဆိုပါ သင်တန်းကို မတ် ၉ ရက်မှ ဧပြီ ၉ ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားကလေးငယ် ၃၀ ဦးတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

437

 

ထန်းတပင်မြို့နယ်တွင် နှစ်စဉ်နွေရာသီရောက်တိုင်း မွန်စာပေနှင့် မွန်စကားပြောသင်တန်းများကို မွန်တိုင်းရင်းသား ကလေးငယ်များအား သင်ကြားပို့ချပေးလျက်ရှိပြီး ယခုဖွင့်လှစ်သည့် သင်တန်းသည် (၇) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)

 

100