၁၀ မတ်
အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းဟာ ပရီမီယာလိဂ်ကလပ် စပါးအသင်းရဲ့ နောက်တန်း ကစားသမား ဗာတွန်ဂန်ကို နွေရာသီအပြောင်းအရွှေ့ ကာလအတွင်းမှာ စာချုပ်ချုပ်ဆိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဗာတွန်ဂန်ဟာ လက်ရှိစပါးအသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ အခုနှစ် ဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကစားသမားကိုယ်တိုင်က ဆန္ဒမရှိဖြစ်နေတာဖြစ်ပါတယ်။
အင်တာမီလန်အသင်းနည်းပြ ကွန်တီကလည်း လာမယ့်နွေရာသီ ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပြီး လက်ရှိမှာ နောက်တန်းခံစစ်ကြောင်းအတွက် ဗာတွန်ဂန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ။
နောက်တန်းကစားသမား ဗာတွန်ဂန်ဟာ အခုနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ပွဲပေါင်း ၂၅ ပွဲအထိ ပါဝင်ကစားပေး ထားတာဖြစ်ပါတယ်။
ငွေကြယ်