ထားဝယ် ၁၀ မတ်

 

PTTEPI ၏ ကမ်းလွန်လုပ်ကွက်အမှတ် M9 တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ (ဒုတိယအကြိမ်) လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဟိုတယ်ထားဝယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုယ်စားလှယ် ဦးနေအောင်က  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ကမ်းလွန်လုပ်ကွက် M9 တွင် ထုတ်လုပ်မှု ခွဲဝေခံစားရေးဆိုင်ရာ အခြေခံစာချုပ်နှင့် လက်ရှိလုပ်ကိုင်နေသော လုပ်ကွက် M9 တွင် ၂၀၂၀ တတိယ သုံးလပတ်တွင် အကဲဖြတ် ဆက်လက်တူးဖော်သွားရန် အစီအစဉ်ရှိကြောင်း၊ မြန်မာနိုင်ငံမှာရှိသော တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းအရ စီမံကိန်းအတွက်ပြီးခဲ့သော တူးဖော်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၉ သြဂုတ်လတွင် နယ်ပယ်အတိုင်းအတာအစီရင်ခံစာကို ပထမအကြိမ် လာရောက်တွေ့ဆုံပြီးဖြစ်ပြီး  ပတ်ဝန်းကျင် ဆန်းစစ်အစီရင်ခံစာအတွက် ဒုတိယအကြိမ် လာရောက်ရှင်းလင်း တင်ပြခြင်းဖြစ်ကြောင်း၊ ယခု တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများအနေဖြင့် လုပ်ငန်းနှင့်ပတ်သက်ပြီး သဘောထား မှတ်ချက်များ၊ အကြံပြုချက်များကို လွတ်လပ်စွာ ပါဝင်ဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။

 

958

 

ထိုနောက် PTTEPI ကုမ္ပဏီတာဝန်ခံ ဦးဝေဖြိုးအောင်က PTTEPI သည် အနာဂတ်တွင် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ပိုမိုတိုးတက်လာစေရန်အတွက် လုပ်ကွက် M9 တွင် အကဲဖြတ်တွင်းအသစ်များ တူးဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ကွက်အမှတ် M9 တွင် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများအကြောင်း၊ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များအကြောင်း၊ တွင်းတူးဖော်ခြင်းအကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းစဉ်များအကြောင်း စသည်တို့ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ AECOM (Thailand) Limited နှင့် E-Guard Environmental Services(E-Guard) အကြံပေး ကုမ္ပဏီမှ တွဲဖက်အတွင်းရေးမှူး ဦးအောင်မြင့်မြတ်က ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်များအကြောင်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အခြေခံ အချက်အလက်များ ကောက်ယူခြင်းအကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လျှော့ချရေး နည်းလမ်းများအကြောင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များအကြောင်း စသည့်တိုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 

721

 

အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုယ်စားလှယ် ဦးနေအောင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရေလုပ်ငန်းမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

                                                                                               

(ထားဝယ်ခရိုင်ပြန်/ဆက်)