နေပြည်တော် ၁၀ မတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နှစ်စဉ်နွေရာသီ ရေပြတ်လပ်မှုဖြစ်နိုင်ခြေရှိသော ကျေးရွာများအား ကြိုတင်စာရင်း ကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့်  သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးရန်အတွက် အစီအစဉ်များ ကြိုတင်ချမှတ်ဆောင်ရွက်လျက် ရှိသည်။ သောက်သုံးရေ ပြတ်လပ်မှုများအား ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သက်ဆိုင်ရာကျေးရွာများသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ဖြန့်ဝေထားရန် အကြောင်းကြားထားပြီး ဖြစ်သည်။ သို့ပါ၍ ရေပြတ်လပ်မှုဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ်ကြရန် နှိုးဆော်ထားသည်။

 

သောက်သုံးရေ အခက်အခဲဖြစ်ပေါ်မှု သတင်းပေးပို့ခြင်းနှင့် လှူဒါန်းလိုခြင်းရှိပါက သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖုန်းနံပါတ်များအား ဆက်သွယ်သတင်းပေးပို့ နိုင်ပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ အောက်ဖော်ပြပါ Hot Line ဖုန်းနံပါတ်များသို့လည်း ဖုန်းခေါ်ဆို၍လည်းကောင်း၊ Text Message ပေးပို့၍လည်းကောင်း ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။

 

852

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန