နေပြည်တော်  ၃  မတ် 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့်(၁)ဖြစ်သည့် ရန်ကုန် - တောင်ငူလမ်းပိုင်းရှိ ထုံးကြီးဘူတာ၌ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန် သံလမ်းများ၊ ကွန်ဂရစ်ဇလီဖားများ၊ သံလမ်းဆက်ပစ္စည်းများ စုပုံထားရှိမှုနှင့် ဘူတာပြုပြင်ဆောင်ရွက်သွားနေမှုလုပ်ငန်းများ၊ CP 101 ၌ ဝရိန်စက်ဖြင့် သံလမ်း ဆက်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

0084

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုရား(၃)ဆူ ဘူတာနှင့် ပဲခူးဘူတာအကြား တံတားအမှတ်(၅၈)၏ Bored Piles တူးဖော်ခြင်းနှင့် ကမ်းကပ်ခုံများ ဆောင်ရွက်နေမှုများ၊ ဖောင်တော်သီဘူတာတွင် လမ်းခင်းကျောက်များ စုပုံထားရှိမှု၊ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာ ဘူတာအကြား ဘိုင်းဒါးချောင်းတံတားအသစ်နှင့် ရဲနွယ်ချောင်းတံတား တည်ဆောက်နေမှု၊ ညောင်လေးပင်ဘူတာ ရှေးမူမပျက် ပြန်လည်တည်ဆောက်သွားရာတွင် ခရီးသည်များ နားနေရန်နေရာ၊ လက်မှတ်ရောင်းမည့်နေရာနှင့် ကားပါကင်ထားရှိမည့်နေရာများကို ကြည့်ရှုစစ် ဆေးသည်။ 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် CP – 103 လုပ်ငန်းအပိုင်းရှိ ညောင်လေးပင် - တောင်ငူလမ်းပိုင်း၊ တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာကြား ကွမ်းချောင်းတံတားနှင့် ဖြူးတံတားအသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

 

(သတင်းစဉ်)