ထား၀ယ် ၁၀ မတ်
ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားသည်။
ထို့နောက် ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမော်က ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ဓာတ်သတ္တုအသေးစား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအား IEE အစီရင်ခံစာအစား ဆောင်ရွက်ရမည့် EMP Format နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော် က တိုင်းဒေသကြီးအတွင်းရှိ ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာ၀န်ခံအရာရှိ ဦးထွန်းထွန်းဦးက ဓာတ်သတ္တု လက်လုပ်လက်စားနှင့်အသေးစားလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့် EMP Format အပေါ်သုံးသပ်တင်ပြပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်စိုးက ဓာတ်သတ္တု လက်လုပ်လက်စားထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းများချက်များကို ရှင်း လင်းပြောကြား၍ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူ က ဓာတ်သတ္တုအသေးစားတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများအား IEE အစီရင်ခံစာအစား ဆောင်ရွက်ရမည့် EMP Format ပါ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူကြများက ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခြင်းများအတွက် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ဓာတ်သတ္တု အသေးစားတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများအား IEE အစီရင်ခံအစား ဆောင်ရွက်ရမည့် EMP Format အပေါ် အကြံပြု ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတိုင်းဒေသကြီး လုပ်ကွက်ချထားရေးအဖွဲ့ ဥက္ကဌ ဦးလှထွေး က ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင် ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဉက္ကဌ ဦးကြည်စိုး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီးလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့များ ၊ သတ္တုလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)