မြင်းခြံ ၁၀ မတ်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ကြံစိုက်တောင်သူများ ယခင်နှစ်ကထက် ကြံဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စံပြကျေးရွာ ကြံစိုက်တောင်သူများထံမှ သိရသည်။
ကြံပင်များကို စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ၈ လကြာ စိုက်ပျိုးရပြီး ကြံပင်မခုတ်ခင် ၇ ရက် တစ်ကြိမ် ရေသွင်းပေးရကြောင်း၊ ကြံ ၁၀ ချောင်းပါ တစ်စည်းလျှင် ကျပ် ၃၅၀၀ ကနေ ကျပ် ၄၀၀၀ ထိ ရောင်းချရကြောင်း စံပြကျေးရွာ ကြံစိုက်တောင်သူ ဦးမြင့်မြတ်သူက ပြောသည်။
ကြံကို မြင်းခြံမြို့နယ်တွင်သာမက ကျောက်ဆည်၊ မြစ်သား၊ မလှိုင်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ တောင်ငူ၊ ညောင်လေးပင်၊ ဖြူး၊ နေပြည်တော်၊ ရန်ကုန်မြို့ထိပါ တင်ပို့ရောင်းချလျက်ရှိကြောင်း စံပြကျေးရွာ ကြံစိုက်တောင်သူ ဦးမြင့်မြတ်သူက ပြောသည်။
ကျော်စွာ(ပြန်/ဆက်)