လောင်းလုံး ၁၁ မတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက အဖွင့်အမှာစကားပြောကြားရာ၌ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခု သင်ယူတတ်မြောက်ပြီးပါက ပိုပြီးတတ်မြောက်ကျွမ်းကျင်ဖို့ ဆက်လက်ကြိုးစားကြပါ။ ကိုယ်ပိုင်အလုပ်တစ်ခုခုရှိပါက မိဘအတွက် အထောက်အကူပြုနိုင်ပြီး စီးပွားဖြစ်လည်း အသုံးချနိုင်ပါကြောင်းနှင့် သင်ကြားပြပေးနေစဉ် ကာလအတွင်း ဂရုစိုက်ပြီး လေ့လာသင်ယူကြပါရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးတင်နုနှင့် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူး ဦးကျော်ဇင်ထွန်းတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူး ဦးတင်နု၊ တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူး  ဦးကျော်ဇင်ထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောက်နီမော် ကျေးရွာရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သိန်းသိန်း(ပြန်/ဆက်)