၁၁ မတ်
အာဆင်နယ်အသင်းနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ဒီနေ့ယှဉ်ပြိုင်မယ့် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
အာဆင်နယ်အသင်းပိုင်ရှင်မှာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရတဲ့အတွက် အားကစားသမားတွေကို ၁၄ ရက်တိတိ သူတို့ရဲ့နေအိမ်တွေမှာ သီးသန့်နေထိုင်ပြီး ဗိုင်းရပ်စ်ပိုးကို ကူးစက်ခြင်းရှိမရှိ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက ပြိုင်ပွဲ ပွဲစဉ်ကို လာမယ့်ရက်ပိုင်းအတွင်းမှာ ပြန်လည်ကျင်းပဖို့ စီစဉ်မယ်လို့ ပြောပါတယ်။
အီတလီနိုင်ငံမှာလည်း ဗိုင်းရပ်စ်ပိုးကြောင့် တစ်နိုင်ငံလုံး အသွားအလာမပြုလုပ်ရန် တားမြစ်ထားတဲ့ အတွက် စီးရီးအေ ပွဲစဉ်တွေလည်း ရွှေ့ဆိုင်းထားခဲ့ပါတယ်။
စပိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာလည်း လာမယ့်သီတင်းနှစ်ပတ်အတွင်း ကစားဖို့ရှိတဲ့ ပွဲစဉ်တွေကို တံခါးပိတ် ကျင်းပသွားမယ်လို့ တာဝန်ရှိသူတွေက မနေ့က ကြေညာပါတယ်။
MDN
ကိုးကား- AFP