နေပြည်တော် ၁၁ မတ် 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG) အတွင်းရေးမှူးရုံးမှ ဒါရိုက်တာ Mr. David Shannon ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးတာဝန်ရှိသူနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကြံပေးပုဂ္ဂိုလ်ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ်  APG အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေး အစီအမံများ၊ လုပ်ငန်းစီမံချက် (Action Plan) ပါ ဘဏ်လုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သည့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော AML/CFT ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

သတင်းစဉ်