နတ်မောက်  ၁၂  မတ်

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာ စကားပြောစွမ်းရည် သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။                 

 

အဆိုပါ သင်တန်းကို မတ် ၁၁ ရက်မှစ၍ (၂)လတိတိ သင်တန်းနည်းပြအဖြစ် ဆရာမ ဒေါ်ချိုချိုသင်း (Buddhism)က သင်ကြားပေးသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၅ ဦးကို မွန်းလွဲ ၁၂ နာရီခွဲမှ ၂ နာရီအထိ လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၀ ဦးကို မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ သင်ကြားပို့ချသွားမည် ဖြစ်သည်။

 

အဆိုပါသင်တန်းကို ဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာ စကားပြောစွမ်းရည် မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

သင်းသင်းဝေ (ပြန်/ဆက်)