ကွမ်းလုံ  ၁၂  မတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မြေဩ‌ဇာ၊ မျိုးစေ့များနှင့် ပိုးသတ်ဆေး အရောင်းဆိုင် ကိုယ်စားလှယ်များအား မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး‌ဆိုင်ရာ ဥပဒေရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။

 

511

 

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးလွင်က ဌာနမှဆောင်ရွက်မှုများနှင့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာဆိုင်များ ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဥပဒေအရာရှိ ဦးထွန်းမြတ်ဦးက ဉ‌ပဒေဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးပြီး အရောင်းဆိုင် ကိုယ်စားလှယ်များမှ အရောင်းဆိုင်ဖွင့်လှစ်ရာတွင် လိုအပ်သောအချက်အလက်များအား ဆွေးနွေးမေးမြန်းမှုကို စိုက်ပျိူရေး ဦးစီးဌာနမှူး ဦးဌေးလွင်က နိုင်ငံတော်မှ တရားဝင်မှတ်ပုံတင် ထားသည့် ပစ္စည်းများကိုသာ ရောင်းချရန်နှင့် အရောင်းဆိုင်များနှင့် ကိုယ်စားလှယ်အရောင်းဆိုင်များ ဖွင့်လှစ်ရာတွင် လက်လီလက်ကားရောင်းချခွင့်လိုင်စင်အား လျှောက်ထားပြီး ရောင်းချရန် လိုအပ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

မိုင်းခိုင်ဇော်(ကွမ်းလုံ)

 

1514