နေပြည်တော် ၁၂  မတ်

 

နေပြည်တော်ကောင်စီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော် ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်က လုပ်ငန်းဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းက အတည်ပြု ဆုံးဖြတ်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာသော နေပြည်တော်ကောင်စီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ရေးလုပ်ငန်းအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရွှေကုက္ကို